ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်







MNP ၊  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့ဝင်များက  အစိုးရအဖွဲ့ဧည့်ရိပ်သာခြံဝင်းနှင့် ရမ္မာဝတီခန်းမ တို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်လျက်ရာ၌ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များမှ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ အစိုးရအဖွဲ့ဧည့်ရိပ်သာခြံဝင်းနှင့် ပင်လယ်ကမ်းခြေတစ်လျောက် တွင် ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအားလည်းကောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ က ရမ္မာခန်းမခြံဝင်းအတွင်း/အပြင်၌ ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအားလည်း ကောင်း အဖွဲ့များခွဲကာ သတ်မှတ်နေရာအသီးသီးတို့တွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ကြ သည်။


ယင်းသို့ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ရာသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠနှင့် အဖွဲ့ဝင် များ၊ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)