MNP ၊ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံရန် အသိပညာပေးဟောပြောခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်(၁၀)နာရီကအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးရခြင်းခြင်းရည်ရွယ်ချက်အား ပြောကြားရာတွင် ယနေ့ထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)မှာ အရည်အသွေးမီ အသိအမှတ်ပြုရရှိထားပြီး နိုင်ငံတကာသုတေသနပြုချက်များအရ ဘေးကင်းသည့် ကာကွယ်ဆေးဖြစ်ပါကြောင်းနှင့် မိန်းကလေးငယ်များတွင် တစ်ကြိမ်ထိုးနှံခြင်းအားဖြင့် HPV ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်မှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ကာကွယ်ဆေးများကို အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ခရိုင်ဆရာဝန်ကြီးနှင့် ခရိုင်ပညာရေးမှူးအတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆေးထိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment