မြောက်ဦးမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး




MNP ၊  စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က  အောင်မင်္ဂလာ အ.မက(မူလွန်)  ကျောင်း၌ ကျန်းမာရေးဝန်းထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြုထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေးကို အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းထိုးနှံမှသာ ဆေးအာနိသင် ထိရောက်မည်ဖြစ်သည့်အတွက် အသက်ပိုင်းခြားကန့်သတ်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment