ကျောက်ဖြူမြို့ အထက(ခွဲ)အလက(၂)မြို့မကျောင်း၌ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ အထက(ခွဲ)အလက(၂)မြို့မကျောင်း၌ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ







MNP ၊  စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)မြို့မကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက် ရှိ မြို့မအားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ ကျောင်းကောင်စီဖလား ဗိုလ်လုပွဲအား ယှဉ်ပြိုင်ကစားကြမည့် ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်း၌ နေရာယူကြပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေသန်းကြည်မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဆက်လက်ကျင်းပရာ ဘုရင့်နောင်အသင်းနှင့် ဗန္ဓုလအသင်းတို့သည် ဗိုလ်လုပွဲဖြစ်သည်နှင့်အညီ တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲပြီးဆုံးချိန်တွင်  ဘုရင့်နောင်အသင်းမှ ဗန္ဓုလအသင်းကို လေးဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။ ၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက် လက်ကျင်းပရာ အထက(ခွဲ) အလက(၂) မြို့မကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေသန်းကြည်က ပထမဆုရရှိသည့် ဘုရင့်နောင်အသင်းအား အောင်နိုင်ရေးဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအားလည်း ကောင်း၊ မိဘဆရာအသင်း ဒုဥက္ကဋ္ဌ ဦးမြလင်းက ဒုတိယဆုရရှိသည့် ဗန္ဓုလအသင်းအား ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တစ်ဦးချင်းအကောင်းဆုံးဆုရရှိကြသူများကို တာဝန်ရှိသူများမှ လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 


အဆိုပါ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ (၆)ရက်နေ့မှ စတင်ကျင်းပခြင်းဖြစ်ကာ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသည့် အသင်းငါးသင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် တစ်ခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)