ကြံခင်းမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲမှုထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲမှုထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊  စက်တင်ဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတများ ရရှိစေရန်၊ အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက   ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ယနေ့ပြုလုပ်သော ဟောပြောပွဲတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ကင်းစင်ပပျောက်ရေးဆိုင်ရာများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောမှာဖြစ်ရာ   ကျောင်းသားလူငယ်များ အလေးထားမှတ်သားကြရန်နှင့် မှတ်သားလေ့လာထားခြင်းအား    ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးမှာဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်ပြီး စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်အောင် (မိုးမြေသစ္စာ)က ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများသုံးစွဲခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုးကျိုးလက္ခဏာများအား လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးခင်လွင်နှင့် ဦးခင်မောင်ဌေးတို့က  ဆေးလိပ်ငွေ့၏အန္တရာယ်နှင့်  ဆေးလိပ်ဖြတ်ခြင်းကြောင့် ရရှိနိုင်သော  အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောကြသည်။


ဟောပြောပွဲသို့ အမှတ်-(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် (G-9) ကျောင်းသား/သူ (၃၀)ဦး တက်ရောက်ကြပြီး  ဆေးလိပ်အန္တရာယ်အကြောင်း သိကောင်းစရာနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးလက္ခဏာများကိုအသိပညာပေးပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှု မှတ်သားကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)