ဗန်းမော်၊ ရွှေကူ တွင် KIA/PDF အကြမ်းဖက်သမားများက ဆက်ကြေးကောက်ယူ၍ တရားမဝင် ရွေတူးဖော်မှုများကို ဆောင်ရွက်ခိုင်းနေဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်၊ ရွှေကူ တွင် KIA/PDF အကြမ်းဖက်သမားများက ဆက်ကြေးကောက်ယူ၍ တရားမဝင် ရွေတူးဖော်မှုများကို ဆောင်ရွက်ခိုင်းနေဟုဆို


MNP ၊ စက်တင်ဘာ ၁၅

ဗန်းမော်၊ ရွှေကူဖက်တွင် မြစ်အတွင်း တရားမဝင်ရွှေကျင်မှုများကို KIA, PDF အကြမ်းဖက်သမားများမှ ဆက်ကြေးကောက်ယူ၍ ဆောင်ရွက်ခွင့်ပြုနေသည်ဟု ကချင်ပြည်နယ်အစိုးရ က ဖြေကြားထားသည်။

တရားမဝင် ရွှေတူးဖော်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ကချင်ပြည်နယ်၏ ဖြေကြားမှုအဖြစ် ပြန်လည်ဖြေဆိုထားရာတွင် "ယခင်ကလည်းဗန်းမော်၊ ရွှေကူဖက်တွင် မြစ်အတွင်း တရားမဝင်ရွှေကျင်မှုများကို စက်လှေ၊ စက်များ၊ ဖေါင်များကိုဖမ်းဆီးခြင်း၊ ဖျက်ဆီးခြင်းဖြင့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသတွင်းရှိ KIA, PDF များမှ ဆက်ကြေးကောက်ယူ၍ ဆောင်ရွက်ခွင့်ပြုသည်ဟုလည်း သိရှိရပါကြောင်း၊ အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသောမည်သည့် တရားမဝင်သတ္ထုတူးဖေါ်မှု၊ ရွှေကျင်မှုကိုမှ တရားမဝင်ခွင့်ပြုပေးခြင်း၊ ငွေကြေးကောက်ခံခြင်းမရှိပါကြောင်း ဖြေကြားထားခြင်း ဖြစ်သည်။

ဖြေကြားမှုတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း၍ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်ကို တွေ့ရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်း KIA/PDF အကြမ်းဖက်အဖွဲ့များက ဆက်ကြေးကောက်ယူ၍ ရွှေတူးဖော်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း ၃ပုံ ၁ပုံခန့်သာ ရှင်းလင်းနိုင်ခဲ့ပြီး ယခုအခါ တရားမဝင်ရွှေတူးဖော်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် KIA/PDF အကြမ်းဖက်သမားများက ဆက်ကြေးကောက်ခံ ရရှိသည့် ငွေဖြင့် လက်နက်၊ ကျည်ဆံ ဝယ်ယူပြီး ဒေသခံပြည်သူများကို သတ်ဖြတ်မှုများ ကျူးလွန်နေကြခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment