စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မြို့နယ်များတွင်း ဖမ်းဆီးရမိ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်များချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မြို့နယ်များတွင်း ဖမ်းဆီးရမိ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်များချမှတ်


MNP ၊ စက်တင်ဘာ ၁၇

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများသည် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိရာ ဖမ်းဆီးရမိ အကြမ်းဖက်သမားနှင့် အကြမ်းဖက်လှုံ့ဆော်သူများကို ၁၅-၉-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့သို ဝင်ရောက်ခဲ့ပြီး လက်နက်/ခဲယမ်းများပြုလုပ်ခဲ့ခြင်း၊ အကြမ်းဖက်သင်တန်း တက်ရောက်ခြင်းနှင့် ကင်းစောင့်ခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ နန္ဒကျော်နှင့် နိုင်းခန့်ဇော်(ခ)အနိုင်း တို့(၂)ဦးအား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်သမားများအား သိရှိပါလျက်နှင့် သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သည့် တရားခံ အေးအေးမူ အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲအစည်းများဖြစ်သော CRPH/ NUG လက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ တရားမဝင် ပညာရေး သင်ရိုးညွှန်းတမ်းများအား ပြန်လည်သင်ကြားပေးခဲ့သည့် တရားခံ သက်အောင် အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၂၄၈) ဦးအား ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

(အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အကြမ်းဖက်အန္တရာယ် ဟူသမျှ ဖယ်ရှားရှင်းလင်းနိုင်ကြပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ရဟန်းရှင်လူပြည်သူအပေါင်း NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)