မော်စကို ၊ စက်တင်ဘာ ၁၇
ရုရှားနိုင်ငံ မော်စကိုဒေသ လေကြောင်းရန် ကာကွယ်ရေးစနစ်များက မော်စကိုမြို့ကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားမြို့တော်ဝန် ဆာဂေး ဆိုဘီယန်နင်က ပြောကြားခဲ့သည်။
"မော်စကို ကို တိုက်ခိုက်ဖို့ကြိုးစားတဲ့ နောက်ထပ်မောင်းသူမဲ့လေယာဉ်တစ်စင်းကို မော်စကိုဒေသရဲ့ Ramensky ခရိုင်မှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့ညမှာ ပစ်ချခဲ့ပါတယ်။ ပဏာမအချက်အလက်တွေအရ၊ အပျက်အစီးတွေ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း Sobyanin က Telegram မှ ပြောခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း မော်စကိုဒေသ၏ Domodedovsky ခရိုင်ပေါ်ရှိ ယူကရိန်း ဒရုန်းတစ်စင်းကိုလည်း လေကြောင်းရန်ကာကွယ်ရေး က ပစ်ချခဲ့ကြောင်း သိရသည်။
Ref -(Sputnik)
#MyanmarNationalPost
No comments:
Post a Comment