စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မြို့နယ်များတွင် အကြမ်းဖက်သမား ၂၄၄ ဦးထက်မနည်း စစ်ခုံရုံးဖြင့် စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မြို့နယ်များတွင် အကြမ်းဖက်သမား ၂၄၄ ဦးထက်မနည်း စစ်ခုံရုံးဖြင့် စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရ



MNP ၊ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများနှင့် KIA အကြမ်းဖက်သမားများ ပူးပေါင်း၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများ ကျူးလွန်လာခြင်းကြောင့် မြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာခဲ့ရသည်။

စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာပြီးနောက်ပိုင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား စစ်ခုံရုံးဖြင့် စစ်ဆေး၍ ပြစ်ဒဏ်များ ချမှတ်ခဲ့ရာ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုပ်ရှားနှင့် ဆက်စပ်သူ ၂၄၄ဦးထက်မနည်း ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၁၂-၉-၂၀၂၃ ရက်နေ့က ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲသို့ ဝင်ရောက်ခြင်း၊ လက်နက်ခဲယမ်းများပြုလုပ်ခဲ့ခြင်း၊ အကြမ်းဖက်သင်တန်း တက်ရောက်ခြင်းနှင့် ကင်းစောင့်ခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ နိုင်းနိုင်း အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြိုနယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲများနှင့် ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်သမားများရှိကြောင်းသိလျက် လုံခြုံရေးအဖွဲများထံ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ ဆန်းမိုး(ခ)ဂျပန်အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်တွင် နေထိုင်လျက်ရှိပြီး CDFအကြမ်းဖက်အဖွဲ့များနှင့်အတူ လုံခြုံရေးအဖွဲ့များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ခြင်းနှင့် လုံခြုံရေးအဖွဲ့များအား ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့သူ တရားခံ ကျော်ထန်လျန်အောင်(ခ)ကျော်ကျော်အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)၊ ရာဇသတ် ကြီးပုဒ်မ ၁၂၄-ဂ တို့အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


(အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အကြမ်းဖက်အန္တရာယ် ဟူသမျှ ဖယ်ရှားရှင်းလင်းနိုင်ကြပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ရဟန်းရှင်လူပြည်သူအပေါင်း NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။)

#MyanmarNationalPost


No comments:

Post a Comment