MNP ၊ စက်တင်ဘာ ၁၆
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲကို စက်တင်ဘာလ(၁၄)ရက်နေ့က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် အင်းစိန်ခရိုင်နှင့်တိုက်ကြီး ခရိုင်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ကာ ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးကော်မတီတွဲဖက်အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်၊ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်း၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနေသွေး၊ အင်းစိန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအုန်းရွှေ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင် ဦးသန်းထွန်းလေးနှင့် အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင် အမျိုးသားစာပေဆုရှင် ဒေါ်ရွှေကူ နန်းနွဲ့နွဲ့တို့က ဖဲကြိုးဖြတ်ပေးကြပြီး အင်းစိန်ခရိုင်နှင့် တိုက်ကြီးခရိုင်တို့မှ ကိုယ်စားပြုမြို့နယ်များဖြစ်သည့် အင်းစိန်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များမှ အဆိုပြိုင်ပွဲဝင် (၁၈)ဦး၊ အကပြိုင်ပွဲဝင် (၆)ဦး၊ အရေပြိုင်ပွဲ ဝင် (၁) ဦးနှင့် အတီးပြိုင်ပွဲဝင် (၁၅)ဦး စုစုပေါင်း(၄၀) ဦး တို့မှ သက်ဆိုင်ရာ ဘာသာရပ်ပြိုင်ပွဲအမျိုးအစားများအလိုက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်၊ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များနှင့် တာဝန်ရှိသူများက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲစဉ် အစ အဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုအများဆုံးရှိခဲ့သည့် အင်းစိန်မြို့နယ်အား တံခွန်စိုက်ဆုနှင့် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များကိုလည်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း လည်းသိရသည်။
ဇင်မင်းထိုက်
https://t.me/MyanmarNationalPost
No comments:
Post a Comment