MNP ၊ စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့် တင်ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ( အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့နေလယ်(၁) နာရီအချိန်က ဂန္ဓာရီပရဟိတကျောင်းသို့ သွားရောက်ကာ (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကိုဖတ်ရှုသည့် အလေ့ အထကောင်းများ ရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်(၃၀)အုပ်ကို နှစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင် စာအုပ်၊ စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment