(NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား အောက်တိုဘာ (၁၅)ရက်နေ့တွင် ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

(NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား အောက်တိုဘာ (၁၅)ရက်နေ့တွင် ကျင်းပမည်



MNP ၊ စက်တင်ဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား သို့ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့ လိုအပ်ကြောင်းနှင့် လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါကြောင်း ထည့်သွင်း ပြောကြားသွားသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က "တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အား အနှစ်သာရရှိစွာဖြင့် ကျင်းပပြုလုပ်ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ပြောကြားရာတွင် “လာမယ့်အောက်တို ဘာလ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးတဲ့ (၈) နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ဒါကိုနိုင်ငံရေးအနှစ်သာရရှိရှိလုပ်ဖို့ ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း လက်လှမ်းမီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံတွေလည်း အခုဖိတ်နေပါပြီ။ ကျွန်တော် Personal အကုန်စာတွေရေးပြီး ဖိတ်ပါတယ်။ တစ်ချို့ကလည်း တယ်လီဖုန်းနဲ့၊ တချို့ကလည်းစာနဲ့ရေးပြီး ဖိတ်တာတွေ ရှိတယ်။ တချို့လာနိုင်တယ်လို့လည်း ပြောတာရှိတယ်။ တချို့ကတော့သူလည်းမလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့ သူတို့ကိုယ်စားလှယ်တွေ လွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထား ရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့ လိုပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံးသံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှုရှု ရောက်မယ်ဆိုတာကို တွေပါတယ်။ ဒါလေးတွေ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုက်တွန်းလိုပါတယ်။” ဟု ပြောကြားထားသည်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပနိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)