နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)တက်ရောက်




MNP ၊  စက်တင်ဘာ  ၂၉

နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၃)ကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် နိုင်ငံဖြစ်ပါ​ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီပြီး သီးထပ်စွမ်းအားများတိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကို ဒေသတွင်းဖူလုံမှုရရှိစေရေးအတွက် တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများကို မြို့နယ်ရှစ်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးဆိုင်ရာနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပညာပေးဆွေးနွေးခြင်းနှင့် သင်တန်းပို့ချခြင်းများကို စီမံဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအားလုံးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများအနေဖြင့်  နေပြည်တော်အတွင်း ကျေးရွာများရှိ ကျေးလက်နေပြည်သူများအား တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရေးအတွက်  ကျေးရွာလိုအပ်ချက်အပေါ်မူတည်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေး၍ ကျွမ်းကျင်လုပ်သားများဖြစ်သည်အထိ လေ့ကျင့်သင်ကြားပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စနစ်တကျရောင်းချပေးနိုင်ရေးနှင့် စားသောက်ကုန်များကို ကျန်းမာရေးနှင့်ကိုက်ညီသည့် အစားအသောက်များဖြစ်ဖို့ လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသည့် စီးပွားရေးကို ပြန်လည်ကုစားရာတွင် ခရီးသွားလုပ်ငန်းကို ဦးစားပေးကဏ္ဍအတွင်း ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် သဘာဝပတ်ဝန်းကျင်ကောင်းများရှိသည့် မြို့တော်ဖြစ်သည့်အလျောက် ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရာတွင် ခရီးသွားလုပ်ငန်းမှအားသာချက်များ၊ အားနည်းချက်များကို သုံးသပ်ပြီးဌာနဆိုင်ရာများက အလေးအနက်ထား စီမံဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် အမြဲမပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများအနေဖြင့် သတ်မှတ်ချိန်ကာလအတွင်းပြီးစီးရေး၊ စံချိန်စံညွှန်များအညီပြည့်မီစေရေး၊ ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေအလွင့်မရှိစေရေး အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ရေနှင့်လျှပ်စစ်မီးများကို စနစ်တကျစီမံပြီး သုံးစွဲစေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအပါအဝင် ကဏ္ဍအားလုံးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက စာမတတ်မြောက်မှုမရှိစေရေး(အသုံးလုံး)ပညာရေးကဏ္ဍ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဆောင်ရွက်ချက်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊  သန်းခေါင်းစာရင်းကောက်ယူမှုအခြေအနေများ၊  စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့တော်သန့်ရှင်းသာယာရေး လုပ်ငန်းဆောင်ရွက်ချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)