ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)တွင်မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ဓလေ့အား အစဥ်အလာမပျက် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)တွင်မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ဓလေ့အား အစဥ်အလာမပျက် ပြုလုပ်







MNP ၊  စက်တင်ဘာ  ၂၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)တွင်မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် လှူဒါန်းပူဇော်ပွဲ ဓလေ့အား  အစဥ်အလာမပျက် ကျင်းပတင်လှူဒါန်းခဲ့ရာ ယနေ့ နံနက် (၄)နာရီမှစတင်၍ ပေါင်မြို့နယ် ကျိုက်ပေါင်း ဆံတော်ရှင် စေတီတော်မြတ်နှင့် မြို့နယ်အတွင်းရှိ ဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများ၌  ဘုရားရှင်အား သင်္ဘောပေါ်၌ အသီးနှင့်လှူဖွယ်ပစ္စည်းအမျိုးအမည်တစ်ထောင်ကျော် တင်လှူပူဇော်ခဲ့​ကြောင်းသိရသည်။


မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အလွန်လေးနက်ကိုင်းရှိုင်းသော လူမျိုးဖြစ်သည်နှင့်အညီ( ၁၂ )လရာသီပွဲများ နှင့်ကောင်းမှုကုသိုလ်အမြဲကျင်းပလေ့ရှိကြသည်။တော်သလင်းလပြည့်နေ့တွင် ရပ်ရွာ၊‌ဒေသတိုင်းရှိ မွန်ဘုန်းတော်ကြီးကျောင်း တို့တွင် မိမိတို့ စွမ်းနိုင်သမျှ လုပ်အား, အလှူငွေဖြင့် သင်္ဘောတစ်စီး  တည်ဆောက်ကာ  ဆွမ်း,တံခွန်, ကုက္ကား, ပန်း, နံ့သာ, သစ်သီး ကွမ်း ဆီမီး-စသော အမျိုးအမည်တစ်ထောင်‌ကျော်ရှိ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့် ယင်းသင်္ဘော၏ ကုန်းပတ်ပေါ်တွင် တင်လှူပူဇော်ခဲ့ကြသည်။ မွန်လူမျိုးတို့၏ ရိုးရာဓလေ့ အစဉ်အလာကောင်းတစ်ရပ်ဖြစ်သည့် ရာမညတိုင်းမွန်ဒေသရှိ ရပ်ရွာ ဒေသတိုင်းမှာ  ဆွမ်းတော်တစ်ထောင် ခေါ် ဆွမ်းတော်ကြီးတင်လှူပွဲကို တော်သလင်းလဆန်း(၁၄)ရက်နေ့ညနေ့ ပိုင်းမှ လှူဖွယ်ပစ္စည်းများကို အိမ်တိုင်းက တင်လှူပူဇော်မည့်နေရာသို့ ကြိုတင်သွားရောက်ကာအရုဏ်တက်အမီ ဆွမ်းတော်တင်လှူပွဲ ပြုလုပ်နိုင်ရန် ရိုးရာမပျက် တက်ကြွစွာ ပါဝင်နွှဲပျော်ကာ ကောင်းမှုကုသိုလ်တော် ပြုလုပ်နေကြသည်ကို ယခုတိုင်အောင်တွေ့မြင်နေရပါသည်။ 


မွန်ဆိုရိုးစကားအရ သင်္ဘောပျောက် အန္တရာယ်ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေလိုသော ရည်ရွယ်ချက်ဖြင့် ဆွမ်းတော်ကြီးတင်ပွဲကို ပြုလုပ်ရခြင်းဖြစ်သည်။ထို့ပြင်တော်သလင်းလပြည့်နေ့မှာ မွန်ဘာသာခေါ် (သဘင်လံင်ကလေင် ဍာ်သဲာ ကဝ် သကြ ) စတုမဓူ ဆွမ်းလောင်းလှူပွဲလည်း ကျင်းပလေ့ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)