တပ်ကုန်းမြို့၌ ကျေးရွာ ၇ ရွာကို အကျိုးပြုမည့် နဝင်းချောင်းကူး NNN ရှင်ဗာကူ သံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ ကျေးရွာ ၇ ရွာကို အကျိုးပြုမည့် နဝင်းချောင်းကူး NNN ရှင်ဗာကူ သံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲ ကျင်းပ



MNP ၊  စက်တင်ဘာ  ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစု(မ)ကျေးရွာအဝင် နဝင်းချောင်းကူး NNN ရှင်ဗာကူ သံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတားသစ်မုခ်ဦးရှေ့တွင် ကျင်းပသည်။


အဆိုပါတံတားဖွင့်ပွဲတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးက အဖွင့်အမှာစကားပြောကြားပြီးနောက် နဝင်းချောင်းကူး NNN ရှင်ဗာကူ သံကူကွန်ကရစ်တံတားသစ်အား ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ သံကူကွန်ကရစ်တံတားသစ် မတည်အလှူရှင် NNN မိသားစုဝင်များ၊ စေတနာအလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ နဝင်းချောင်းကူး NNN ရှင်ဗာကူ သံကူကွန်ကရစ်တံတားသစ်အား ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် နဝင်းချောင်းကူး NNN ရှင်ဗာကူ သံကူကွန်ကရစ်တံတားသစ်နှင့်ပတ်သက်သည့် ကုန်ကျစရိတ်များရှင်းလင်းခြင်း၊ တံတားဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းသည့် အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ထမင်း၊ ဟင်း၊ ရေခဲမုန့်နှင့် မုန့်မျိုးစုံများအား စတုဒိသာအဖြစ် ဧည့်ခံကျွေးမွေးခဲ့သည်။


အဆိုပါ နဝင်းချောင်းကူး NNN  ရှင်ဗာကူ သံကူကွန်ကရစ်တံတားသစ်သည် အရှည် ၁၀၀ ပေ၊ အကျယ် ၁၄ ပေ ရှိ၍  တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ပြီး၊ ကုန်ကျငွေမှာ ကျပ်သိန်း ၂၀၀၀ ကျော် ကုန်ကျ၍ ရွေးစု(မ)ကျေးရွာအပါဝင် ကျေးရွာပေါင်း ၇ ရွာမှ ကျေးရွာပြည်သူများ ယခင်ကထက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လူမှုရေးများ ပိုမိုအကျိုးပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment