ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ စက်တင်ဘာ ၁၅

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင် NLD ဦးဆောင်သူများသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်လျက်ရှိပြီး ၎င်းတို့၏ လှုံ့ဆော်ဝါဒဖြန့်ချိမှုများကို လိုက်ပါဆောင်ရွက်ခြင်း မပြုရန် အသိပေး ထုတ်ပြန်ထားသော်လည်း နီပိန်းများမှာ PDF အကြမ်းဖက်သမားများအဖြစ် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လိုက်ပါလုပ်ဆောင်လျက်ရှိရာ ဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ၎င်းသည် သားဖြစ်သူနှင့် သမီးဖြစ်သူတို့ (၂)ဦးအား CDM ပြုလုပ်ခြင်းကို အားပေးအားမြောက် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် PDF အဖွဲ့သိုဝင်ရောက်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် ကူညီပေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းများအား PDF အကြမ်းဖက်များထံ ဆက်သွယ်သတင်း ပေးပိုခဲ့သည့် တရားခံ ကျော်ခင် အား ၁၂-၉-၂၀၂၃ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ ထောင်ဒဏ်(၅)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။


အလားတူ ၁၃-၉-၂၀၂၃ ရက်နေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အက်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား ဆန့်ကျင်ပြီး PDF အကြမ်းဖက်အဖွဲ့များကို ထောက်ခံသည့်စာများ ရေးသားဖြန့်ဝေခဲ့သည့်  တရားခံ ပြည့်ဖြိုးဝေ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ ထောင်ဒဏ်(၄)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


(အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အကြမ်းဖက်အန္တရာယ် ဟူသမျှ ဖယ်ရှားရှင်းလင်းနိုင်ကြပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ရဟန်းရှင်လူပြည်သူအပေါင်း NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။)

#MyanmarNationalPost


No comments:

Post a Comment