မြင်းမြို့နယ်တွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမား အမြောက်အများ အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမြို့နယ်တွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမား အမြောက်အများ အသေဖမ်းဆီးရမိ






MNP ၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြိုနယ် ခြေရာတော်ရွာအနီးတွင် လုံခြုံဆောင်ရွက်နေသော လုံခြုံရေးတပ်ရင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက မြင်းမူ-မြောင် ကားလမ်းအတိုင်း မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ်မီးရောင်များတွေ့ရှိရသည့်အတွက် ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းစဉ် ၎င်းကားပေါ်ပါအဖွဲ့များနှင့် ဆိုင်ကယ်စီးနင်းလာသူများမှာ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် PDF အကြမ်းဖက်များဖြစ်နေသည့်အတွက် လမ်းဘေး ဝဲ/ယာမှ နှစ်ဖက်ညှပ်ပြီး ဝိုင်းဝန်းပစ်ခတ်ချေမှုန်း နှိမ်နင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှု ဖြစ်စဉ်အတွင်း ကားပေါ်ပါ အကြမ်းသမားများနှင့် ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် PDF အကြမ်းဖက်သမား ၂၅ ဦးထက်မနည်း ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်လုပ်သေနတ်(အရှည်)၈ လက်၊ လက်လုပ်သေနတ်(အတို)၂ လက်၊ ကျည်အိမ် ၈ ခု၊ ၁၂ ဗိုကျည် ၂၀၀ တောင့်၊ အမ်-၂၂ ကျည် ၈၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ရီမုဆားကစ်ပြား ၂ ခု၊ ဝါယာကြိုး(၅၀ ပေခန့်) ၁ ခွေ၊ ဆိုင်ကယ်ဘက္ထရီ ၁၁ လုံး၊ ပြောက်ကျားဦးထုပ် ၆ လုံး၊ ပြောက်ကျားအင်္ကျီ ၉ ထည်၊ ပြောက်ကျားဘောင်းဘီ ၅ ထည်၊ Icon(အမျိုးအစား စိစစ်ဆဲ) ၁ လုံး၊ Icon အားသွင်းခုံ ၂ ခု၊ ညကြည့်မှန်ပြောင်း ၁ လက်တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများမှာ မြစ်ငယ်မြို့နယ်မှ ဖောင်းဒိုင်း(ခ) ဝင်းထွန်း ဦးဆောင့် PDF အကြမ်းဖက်သမားများ ဖြစ်ပြီး ၎င်းတို့ အသုံးပြုနေသည့် ကားကို ရဲတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

(အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေးကို မြေပြင်တွင် လက်တွေ့ကျကျ အသက်နှင့် ခန္ဓာရင်းပြီး အများပြည်သူအကျိုး အတွက် ဆောင်ရွက်နေကြရသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အကြမ်းဖက်အန္တရာယ်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ကြပါစေ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)