အရေးပေါ် ကူညီဆောင်ရွက်ပေးနိုင်ပါရန် (မေတ္တာရပ်ခံချက်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရေးပေါ် ကူညီဆောင်ရွက်ပေးနိုင်ပါရန် (မေတ္တာရပ်ခံချက်)



(၄၇)မိုင် ဝေးကွာသော ပခုက္ကူမြို့နှင့် ပေါက်မြို့ အများပြည်သူအသုံးပြုနေသော လမ်းပိုင်းကို PDF အကြမ်းဖက်သမားများက သစ်ပင်များ လမ်းပေါ်လှဲချ ပိတ်ဆို့ထားသည်မှာ (၁)လကျော် ကြာမြင့်နေပြီ ဖြစ်ပါသည်။

ပေါက်မြို့နယ်ကို ရိက္ခာပို့ဆောင်မည့် ကားများ ပခုက္ကူမြို့တွင် ရပ်နားထားရပါသည်။ ပေါက်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ဖွဲ့စည်းထားသော ကျေးရွာများမှာ ရိက္ခာပြတ်လပ်နေကြပါသည်။ ဆန်ပြုတ်ကြိုသောက်နေကြရပါသည်။

ထိုသို့ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေကို ပခုက္ကူ (၁၀၁) တပ်မ သိပါသည်။ ယနေ့အချိန်အထိ လမ်းရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ။ 

ပေါက်မြို့နယ်အတွင်း ရိက္ခာပြတ်လပ်၍ အတိဒုက္ခရောက်နေသော ပြည်သူများကို နိုင်ငံတော်တာဝန်ရှိ လူကြီးမင်းများ အနေဖြင့် ပြည်သူများအပေါ် ရင်ဝယ်သားကဲ့သို့ သဘောထား၍ ကူညီဆောင်ရွက်ပေးပါ။ ပြည်သူများ အတိဒုက္ခရောက်နေပါသဖြင့် တင်ပြလျှင်လည်း မသိကျိုးကျွန်ပြု၍ မနေကြပါနှင့်။ ထိုသို့ မသိကျိုးကျွန်ပြု မျက်ကွယ်ပြုထားခြင်းကြောင့် အကြမ်းဖက်သမားများ၏ ဆိုးရွားရက်စက်သော အကြမ်းဖက်ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး သေပွဲဝင်ခဲ့ရသည့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းလည်း မနည်းတော့ပါ။

ဆိုရပါမူ တာဝန်ရှိသူများသည် အကြမ်းဖက်သမားများအပေါ် ငဲ့ညှာထောက်ထား၍ အကြမ်းဖက်သမားများ၏ ဒုက္ခပေးခြင်းကြောင့် အတိဒုက္ခရောက်နေရသည့် ပြည်သူများအတွက် တာဝန်မဲ့ နေနိုင်လွန်းပါသည်။

လမ်းပိတ်ဆို့ထားသည့် အခြေအနေတွင် ရှင်းလင်းဆောင်ရွက်ပေးလိမ့်နိုး စောင့်ခဲ့ရသည်မှာ တစ်လကျော် ကြာမြင့်ပြီဖြစ်ပါ၍ အမြန်ဆုံး ရှင်းလင်းပြီး စားရေးရိက္ခာ အခက်အခဲကြုံနေရသော ပေါက်မြို့နယ်မှ ပြည်သူများကို ကူညီပေးနိုင်ပါရန် လူကြီး လူကောင်း တာဝန်ရှိသူအားလုံးကို အနူးအညွတ် (အနူးအညွတ်) မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။


ဒေသခံ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)