NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများ ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ စက်တင်ဘာ ၆ 

စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာထားသော ခင်ဦးမြိုနယ်တွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား တရားခံ(၁)ဦးအား  စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ၄-၉-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း နေထိုင်လျက်ရှိပြီး ၎င်းနေထိုင်သည့် နေအိမ်မှ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံးနှင့် ပလပ်စတစ်လက်ပစ်ဗုံး(ဖြူးပါ) ၁ လုံးအား ရှာဖွေတွေ့ရှိရသဖြင့် လက်နက်၊ ခဲယမ်းတစ်ခုခုကို လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်မရှိဘဲ လက်ဝယ်ထားရှိသည့် NUG အြက်းဖက်အဖွဲ့၏ လက်ပါးစေ တရားခံ သန်းထိုက် အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး လက်နက်ဥပဒေပုဒ်မ ၂၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ  စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် ရွှေဘိုမြို့နယ်တွင် ရွှေဘိုမြိုနယ်အတွင်း နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာတွင် ပြည်သူ့လူထုအထင်အမြင်လွဲမှားစေပြီး အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်စေရန် ဝါဒဖြန့်စာများရေးသား ဖြန့်ဝေခြင်းနှင့် အကြမ်းဖက်သမားများရှိကြောင်း သိရှိပါလျက် သတင်းပို့တင်ပြရန် ပျက်ကွက်ခဲ့သည့် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ တရားခံ စိုးဝင်း အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ၅၂(ခ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၂၃၇) ဦးအား ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။


#MyanmarNationalPost

No comments:

Post a Comment