ကယားပြည်နယ်၊ ဒီမောဆိုအနီး တပ်စခန်းကို လာရောက်တိုက်ခိုက်သည့် KNDF/PDF အကြမ်းဖက်သမား အမြောက်အများ သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်၊ ဒီမောဆိုအနီး တပ်စခန်းကို လာရောက်တိုက်ခိုက်သည့် KNDF/PDF အကြမ်းဖက်သမား အမြောက်အများ သေဆုံး


MNP ၊ စက်တင်ဘာ ၆

ကယားပြည်နယ်၊ ဒီမောဆိုအနီး "ကုန်းသာ"တပ်စခန်းကို (၂-၉-၂၀၂၃) ရက်နေ့က KNDF/PDF အကြမ်းဖက်သမား အင်အား(၃၀၀)ခန့် လာရောက်တိုက်ခိုက်ရာ တပ်မတော်သားများက စခန်းကို စွန့်ခွါခြင်း မပြုဘဲ တန်ပြန်နှိမ်နင်းရာ အကြမ်းဖက်သမား အမြောက်အများ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်  တပ်မတော်သားများနှင့် အကြမ်းဖက်သမားများ လုံးထွေးသည်အထိ ပြင်းထန်ပြီး တပ်မတော်သားများသည် စစ်ကူလာသည်အထိ စခန်းကို"လုံးဝ"ခွါစစ်မဆင်ဘဲ တောင့်ခံကာ ရန်သူ အားချေမှုံးစဉ် တပ်မတော်(လေ) ရောက်ရှိလာရာ KNDF/PDF အကြမ်းဖက်သမားများ နောက်ပြန် ဆုတ်ကာ၎င်းတို့ ပါလာသည့် 4×4မော်တော်ယာဉ်အစီး (၆၀)ကျော် ဖြင့်ပြန်လည်ဆုတ်ပြေးစဉ် တပ်မတော် (လေ) တိုက်ခိုက်ရေးရဟတ်ယာဉ်များက ရန်သူယာဉ်တန်း ရှေ့ဆုံးယာဉ်များအား ဒုံးကျည်ဖြင့်ပစ်ခတ်ရာ မော်တော်ယာဉ်များ ပေါက်ကွဲပြီး ယာဉ်တန်းအားလုံးပိတ်ဆို့နေစဉ် တပ်မတော်(လေ)မှ ပိတ်မိယာဉ်တန်းကို ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

KNDF/PDF အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ထိတွေ့မှုဖြစ်စဉ်အတွင်း တပ်မတော်က ပြင်းပြင်းထန် ချေမှုန်းခဲ့ပြီး KNDF/PDF အကြမ်းဖက်သမားများ၏ 4×4မော်တော်ယာဉ် အကောင်း (၃၀)နှင့် မီးလောင်ပျက်စီးသွားသည့် 4×4မော်တော်ယာဉ်(၃၃)စီး၊ ရန်သူအလောင်း (၁၇၀)နှင့် လက်နက်မျိုးစုံ(၁၅၀) အားသိမ်းဆည်းရမိကြောင်း ဒေသခံ သတင်းများအရ သိရသည်။

NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ KNDF/PDF အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာမှုပေါင်းများစွာ ကျူးလွန်လျက်ရှိရာ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများက အကြမ်းဖက်အဖွဲ့များအား ပြတ်ပြတ်သားသား နှိမ်နင်းပေးရန် မျှော်လင့်နေကြခြင်းဖြစ်သည်။


#MyanmarNationalPost 

No comments:

Post a Comment