ပြည်ပြေး ဝရမ်ပြေး NUG အကြမ်းဖက်အဖွဲ့ ၏ လက်ပါးစေ အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်ပြေး NUG အကြမ်းဖက်အဖွဲ့ ၏ လက်ပါးစေ အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ စက်တင်ဘာ ၇ 

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်သူများထဲမှ ဖမ်းဆီးရမိသူများအား ပြစ်ဒဏ်များ ချမှတ်လျက်ရှိသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသော ဂန့်ဂေါမြို့နယ်တွင် ၆-၉-၂၀၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ တရားမဝင် ဖွင့်လှစ်သည့် NUG ကျောင်းတာဝန်ခံအဖြစ် ဆောင်ရွက်ပြီး လစဉ်ထောက်ပံ့ငွေများ လက်ခံရယူခဲ့သည့် တရားခံ မိုးသက်ပိုင်ဦး အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာထားသော ဂန့်ဂေါမြို့နယ်အတွင်း နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့အစည်းများမှ ဖွင့်လှစ်သော ဆေးပညာသင်တန်းအား တက်ရောက်ခဲ့ပြီး အကြမ်းဖက်အုပ်စုတွင် သိလျက်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည့် တရားခံ မနှင်းလဲ့ဝေ(ခ)အငယ် အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသော အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၂၃၉) ဦးအား ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment