MNP ၊ စက်တင်ဘာ ၁၈
သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာ မူလတန်းလွန်ကျောင်းကို မဖွင့်ရန် PDF အကြမ်းဖက်သမားများက ခြိမ်းခြောက်လာသဖြင့် ယာယီပိတ်ထားရကြောင်း သိရသည်။
အဆိုပါ မူလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့်တက်ရောက်နေခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်(သောကြာနေ့) နံနက် ၂ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာရှိ အခြေခံမူလတန်းလွန်ကျောင်းသို့ PDF အကြမ်းဖက်သမား အင်အား ၆ ဦးခန့်က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းအတွင်း ဝင်ရောက်၍ စာသင်ခန်းရှေ့အုတ်နံရံတွင် ခြိမ်းခြောက်စာများအား မှုတ်ဆေးအနီရောင်ဖြင့် ရေးသားကာ စာသင်ခန်းရှေ့ဝရံတာ၌ M 16 ကျည် ၁ တောင့်၊ ၉ လုံးကျည် ၁ တောင့်နှင့် အနီရောင်မှုတ်ဆေးဘူး ၂ ဘူးတို့အား ထားသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသတွင် NLD အစွန်းရောက်များက PDF အကြမ်းဖက်သမားများအဖြစ် လှုပ်ရှားဆောင်ရွက်နေခြင်းဖြစ်ပြီး ကာလရှည်ကြာ နှိမ်နင်းဆောင်ရွက်ခြင်း မရှိသောကြောင့် ဒေသခံများမှာ အကြမ်းဖက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီး ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment