မိုင်းကိုင်မြို့နယ်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဖလား အသက် ၁၆ နှစ်အထက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဖလား အသက် ၁၆ နှစ်အထက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ






MNP ၊  စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဖလား ၊ အသက် ၁၆ နှစ်အထက် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ မိုးရာသီ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မြို့နယ်အားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် နိုင်ငံတော်အလံ၊ ရှမ်းပြည်နယ်အလံ တို့ကိုအလေးပြု၍  မြို့မိမြို့ဖ ဦးစိုင်းလုံ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဌ ဦးစိုင်းပန်တို့က အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြသည်။


ပထမနေ့ပွဲစဉ်အဖြစ်  မိုင်းကိုင်လူငယ်အသင်းနှင့် မော်တော်ယာဉ်အသင်း တို့ယှဉ်ပြိုင် ကစားခဲ့ကြကာ  ပြိုင်ပွဲကို အုပ်စု(၂)အုပ်စု ၊ အသင်းပေါင်း (၉)သင်းဖြင့် ပါဝင်ယှဉ်ကြမည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့အထိ  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


ချော

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)