နိုင်ငံတော်အကြီးအကဲများ ကူညီဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အကြီးအကဲများ ကူညီဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)



စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အုတ်ရှစ်ကြီးကျေးရွာအုပ်စု -

ရွှေတွင်းကုန်းရွာ၊  အိုးဘိုကုန်းရွာ၊ အုတ်ရှစ်ကုန်းရွာ၊ ထန်းတောကုန်းရွာ၊ ဒီလေးရွာများမှာ PDF အကြမ်းဖက် သမားများက စိတ်ကြွမူးယစ်ဆေးပြားများ လွတ်လပ်စွာ ဖြန့်ချိရောင်းချနေကြပါတယ်။ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ခြောက်ကောင်ဝိုင်းများ ဖွင့်လှစ်၍ လုပ်ဆောင်နေကြပါသည်။

KIA/PDF အကြမ်းဖက်သမားများက အများပြည်သူထံမှ လုယက် သိမ်းဆည်း ရရှိထားသည့် ကား၊ ဆိုင် ကယ်များကို ကုလားများက လက်ခံရောင်းချပေးနေပြီး ရန်ပုံငွေရှာဖွေနေကြပါသည်။

ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဘုရားစောင်းတန်းတွေမှာလည်း KIA/PDF အကြမ်းဖက်သမားတွေရဲ့ တည်းခို ခန်း ဖြစ်နေပါသည်။ ယခုရွှေတွင်းကုန်း(၄)ရွာမှာ ယခင်က လက်လုပ်လက်စား (ဘောက်လုပ်)သူများမှာ အများပြည်သူထံမှ ဓားမြတိုက်၊ လုယက်ပြီး ကြီးပွားချမ်းသာလာကြပါသည်။ PDF ကို မြှောက်ပေးပြီး အာဏာတည်ဆောက်နေကြသော နီပိန်း လူချမ်းသာများလည်း ရှိပါသည်။

ထန်းတောကုန်းရွာတွင် PDF များကို မြှောက်ပေးနေသော နီပိန်း လူချမ်းသာများမှာ -

(၁) ဖိုးချွန်၊ (၂) ညွန့်မောင်၊ (၃) စိုးမင်း၊ (၄) ကျော်သူထွန်း၊ (၅) ပေါ်ဦး၊ (၆) ဌေးလှိုင်၊ (၇) ဇော်ဦး၊ (၈) လှချော၊ (၉) အောင်လှ၊ (၁၀) သိန်းဇော်ဝင်း (၁၁) ပေါက်စီ၊ (၁၂) ဇော်ဝင်း တို့ ဖြစ်ကြပါသည်။

ရွှေတွင်းကုန်းရွာတွင် PDF အကြမ်းဖက်သမားများကို မြှောက်ပေးနေသော နီပိန်း လူချမ်းသာများမှာ -

(၁)သာပို၊ (၂)ပေါစံ၊ (၃)ကျော်ဝင်း၊ (၄)မြင့်ချို၊ (၅)ညိုလင်း၊ (၆)စာဥ၊ (၇)ဖိုးရွှန်း၊ (၈)ဖိုးဦး၊ (၉)စိုးနိုင်၊ (၁၀)ဖိုးဌေး တို့ ဖြစ်ကြပါသည်။

အိုးဘိုကုန်းရွာတွင် PDF အကြမ်းဖက်သမားများကို မြှောက်ပေးနေသော နီပိန်း လူချမ်းသာများမှာ -

(၁)သံချောင်း၊ (၂) ဌေးရွှင်၊ (၃)စံငြိမ်း၊ (၄)ဖိုးစိုး၊ (၅)ချစ်သိုင်း၊ (၆)ဝင်းကြိုင်၊ (၇)မောင်နီ၊ (၈)အောင်မင်း၊ (၉)စိုးဆင့်၊ (၁၀)ကျော်မောင်၊ (၁၁) ငွေချို တို့ ဖြစ်ကြပါသည်။

အုတ်ရှစ်ကုန်းကျေးရွာတွင် PDF အကြမ်းဖက်သမားများကို မြှောက်ပေးနေသော နီပိန်း လူချမ်းသာများမှာ -

(၁)ဖိုးကံ၊ (၂)မြင့်ထွန်း၊ (၃)လှဦး၊ (၄)ကံချွန်၊ (၅)မောင်မိုး၊ (၆)ဖိုးဌေး၊ (၇)မောင်မှူး၊ (၈)အောင်တုပ်၊ (၉)ဖိုးဆွေ၊ (၁၀)ညွန့်ဆောင်၊ (၁၁)ပိုချို တို့ ဖြစ်ကြပါသည်။

အုတ်ရှစ်ကြီးကျေးရွာအုပ်စုတွင် တပ်မတော်မိသားစုဝင်၊ ပြည်ခိုင်ဖြိုးပါတီဝင် မည်သူတစ်ဦးတစ်ယောက်မျှ နေထိုင်လို့ မရတော့ပါ။ အကြမ်းဖက်နှိမ်နင်းရေးကို တကယ်အလေးထား၍ လုပ်ဆောင်မည်ဆိုပါက KIA/PDF လွှမ်းမိုးချုပ်ကိုင်ထားသော ကျေးရွာများဖြစ်ပြီး တပ်မတော်မိသားစုဝင်များနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်များ၏ ပိုင်ဆိုင်မှုများကို လုယက်သိမ်းဆည်းပြီး လူမွဲကနေ သူဌေးဖြစ်လာသည့် PDF များကို ရွာစဉ် တိုက် ရှင်းလင်းလို့ ရနေပါပြီ။

KIA/PDF အကြမ်းဖက်သမားများက ရွှေတွင်းကုန်း၊ အိုးဘိုကုန်း၊ အုတ်ရှစ်ကုန်း၊ ထန်းတောကုန်း(၄)ရွာတွင် စိုးမိုးထားပြီး ရွာပေါင်း(၄၀)ကျော် သူတို့လက်အောက်မှာ ကျရောက်နေပါသည်။ 

ဖော်ပြပါ ကျေးရွာ(၄)ရွာ၏ မြောက်ဘက် (၂)မိုင်ခန့်အကွာ အင်ပင်ရွာ၊ ယဒင်းရွာ (၂)ရွာ ရှိပါသည်။ အင်ပင် PDF ရဲ့ လက်အောက်မှာ ရွာပေါင်း(၃၀)ခန့် ရှိပါတယ်။ စခန်းကြီး (၂)ရွာ ရှိပါတယ်။ အင်ပင်ရွာ စာသင် ကျောင်းတွင် စာသင်ဆောင်(၃)ဆောင် ရှိပါတယ်။ အရှေ့ဘက်က အဆောင်ထဲမှာ KIA/PDF က စခန်းချပြီး နေထိုင်ပါသည်။ ဖမ်းဆီးခံထားရသူလည်း အများကြီး ရှိပါသည်။ အင်ပင်ရွာ KIA/PDF စခန်းဟာ ပြန်ပေးစွဲ စခန်းလို့ နာမည်ကြီးနေပါသည်။ ရွှေတွင်းကုန်း(၄)ရွာနှင့် ဆက်စပ်စခန်းဖြစ်ပါသည်။ 

တောင်ဘက်က စစ်ကြောင်းလာရင် မြောက်ဘက်မှာ ရှိတဲ့ အင်ပင်စခန်းကို ပြေးကြပါသည်။ မြောက်ဘက် က စစ်ကြောင်းလာရင် တောင်ဘက်မှာရှိတဲ့ ရွှေတွင်းကုန်း(၄)ရွာမှာ ရှိတဲ့ စခန်းတွေကို ပြေးကြပါသည်။ PDF ခေါင်းဆောင်ပိုင်း ဆရာကြီးများရဲ့ ပြေးလမ်းကတော့ ကတ္တရာလမ်းမကြီးအတိုင်း ရွှေဘိုမြို့ဘက်ကို ပြေးကြတာ ဖြစ်ပါတယ်။

အခုဆိုရင် KIA/PDF များဟာ ဘုရားများကို ခိုးယူနေကြပါသည်။ မပြောရဲလို့သာ ငြိမ်နေကြရသည်။ ဘုရားများကို ရောင်းစားသလား၊ ဖျက်ဆီးတာလား မသိရပါ။ ဘုရားပျောက်သည့် ဘုန်းကြီး ကျောင်းများလည်း ပျောက်ကုန်ကြပါပြီ။ ယခု ကြုံတွေ့နေရတဲ့ အခြေအနေဟာ နိုင်ငံရေးတင်မကပါဘူး။ လူမျိုးရော ဘာသာရော အလုံးစုံ ပျက်သုဉ်းရေး လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။

ရွှေတွင်းကုန်း၊ အိုးဘိုကုန်း၊ အုတ်ရှစ်ကုန်း၊ ထန်းတောကုန်း(၄)ရွာဟာ လာသမျှ KIA/PDF အကြမ်း ဖက်သမားများကို လက်ခံရာ ဌာနချုပ်စခန်းကြီး၊ လွတ်မြောက်နယ်မြေလို့ ကြွေးကြော်နေကြပါတယ်။ အခု ဆိုရင် ငမွဲတွေက ဓားပြတိုက်၊ လုယက်ပြီး လူချမ်းသာဖြစ်လာပြီ။ နီပိန်း လူချမ်းသာများက အာဏာပါဝါ တည်ဆောက်နေကြသည်။ KIA/PDF လာသမျှကို အလှူကြီးပေးသလို ချက်ပြုတ်ကျွေးမွေးပြီး နေထိုင်ခွင့် ပြုထားသော ကျေးရွာများ ဖြစ်ပါသည်။ တပ်မတော်သားမိသားစုဝင်၊ ပြည်ခိုင်ဖြိုးပါတီဝင် မည်သူတစ်ဦး တစ်ယောက်မျှ မရှိကြတော့ပါ။ ရှိသမျှ အိုးအိမ်၊ စည်းစိမ်အားလုံးကို PDF လက်ထဲ စွန့်လွှတ်ခဲ့ရပြီး တိမ်းရှောင်သွားကြရပါသည်။ မတိမ်းရှောင်နိုင်သူများ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရလို့ သေကုန်ကြပါပြီ။

ပညာရေးကဏ္ဍတွင်လည်း အရာတော်မြို့နယ်တွင် မြို့ပေါ်(၃)ကျောင်းသာ အစိုးရကျောင်း ဖွင့်လှစ်နိုင်ပြီး ကျေးရွာများမှာ PDF က ဖွင့်လှစ်ထားသည့် တရားမဝင် NUG အကြမ်းဖက်အဖွဲ့သြဇာခံ ကျောင်းများသာ ဖွင့်လှစ်ပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခင်ဗျာ -

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်သည့်အတိုင်း ပြည်သူများက အကြမ်းဖက်အန္တရာယ် နှိမ်နင်းနိုင်ရေး အရာတော်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ပါသည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက်ခဲ့သူများမှာ တစ်ယောက်မကျန် အသတ်ခံခဲ့ရပါသည်။ မှန်ကန်စွာ တင်ပြရမည်ဆိုလျှင် တပ်တွင်း ဖရဲသီးက တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည့် ပြည်သူများကို သေကြောင်းကြံခဲ့ခြင်းပင် ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်သူများကို တပ်တွင်း ဖရဲသီးက PDF ထံ ချက်ချင်း သတင်းပေးပို့ခြင်း ဖြစ်ပါ သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသူများမှာ အုတ်ရှစ်ကြီးကျေးရွာမှ အုပ်ချုပ် ရေးမှူး ဦးကျော်ဦး အပါအဝင် ဦးသိန်းမြင့်ထွေး၊ မခင်မော် တို့ကို PDF က ဖမ်းဆီး သတ်ဖြတ် လိုက်ကြပါသည်။ ထို့အတူ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော သစ်ချိုရွာမှ မောင်တူး အသတ်ခံ ခဲ့ရပါသည်။ ထို့အတူ ရွှေတွင်းကုန်းရွာမှ ဦးနေလင်း၊ ဦးဖိုးကျော်နှင့် ငှက်ပျောခြံရွာမှ ဦးမောင်မြင့် တို့မှာ လည်း တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တပ်တွင်း ဖရဲသီး ၏ လက်ထောက်ချမှုကြောင့် KIA/PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။

ထိုသို့သော အခြေအနေကြောင့် အရာတော်မြို့နယ်ရှိ တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ သေတွင်းထဲ ခုန်ချ ရသည်နှင့် တူနေပါသည်။ သို့ပေသော်လည်း အမှန်စင်စစ် PDF အကြမ်းဖက်နှိမ်နင်းရေး အမှန်တကယ် လုပ်ဆောင်မည် လိုက်ပြပါဆိုလျှင် အမှန်တကယ် ရှင်းလင်း နှိမ်နင်းနိုင်ရေး လိုက်လံပြသဖို့ရန်လည်း ဝန်မ လေးပါ။ လိုက်ပါ နှိမ်နင်းဆောင်ရွက်ရန်အတွက်လည်း အသင့်ရှိပါသည်။

တာဝန်ရှိ လူကြီးမင်းများခင်ဗျာ -

ကျွန်တော်တို့ အရာတော်မြို့နယ်တွင် ယခုလောက်အထိ ဆိုးရွားရက်စက်ယုတ်မာသော အဖြစ်မျိုးနှင့် မကြုံခဲ့ရဖူးပါ။ ဤမျှ ကြာရှည်လိမ့်မည်ဟုလည်း မတွေးခဲ့မိပါ။ အမှန်တကယ် ရှင်းလင်းဆောင်ရွက်မည် ဆိုပါလျှင် အထက်ဖော်ပြပါ ကျေးရွာများမှာ တပ်မတော်သားမိသားစုဝင်၊ ပြည်ခိုင်ဖြိုးပါတီဝင် မည်သူမျှ နေထိုင်နိုင်ခြင်း မရှိတော့ပါ။ ရွာစဉ်တိုက်၍ ဥပဒေနှင့်အညီ အကြမ်းဖက်နှိမ်နင်းရေးကို လုပ်ဆောင်နိုင်ပါပြီ ဆိုသည့်အကြောင်း တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ပြည်သူများအနေဖြင့် ယုံကြည်အားကိုးစွာဖြင့် တင်ပြအပ်ပါသည်။


(တည်ငြိမ်အေးချမ်းမှုကို လိုလားသော အရာတော်မြို့နယ်အတွင်းမှ ပြည်သူများ)

https://t.me/MyanmarNationalPost

No comments:

Post a Comment