မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ






MNP ၊  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာ်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း၊မဟော်သဓာခန်းမ၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း ၊ ကျောင်းအုပ်ဆရာကြီး ဦးတင်အောင် ကအမှာစကားပြောကြားပြီးနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က လူငယ်စကားဝိုင်းများကျင်းပပြု လုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ထို့နောက် မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဦးဇော်သက်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-12 (A) မှ မောင်ဆန်းထက်ဦး မှ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်း ကောင်း ၊ Grade-12 (A) မှ မဆုမြတ်သော်တာ မှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-12 (A) မှ မဥမ္မာကြည် က လူငယ်နှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-12 (A)မှ မအလင်္ကာမွန် ကလူငယ်နှင့်ဆိုရှယ် မီဒီယာခေါင်းစဉ်ဖြင့်လည်းကောင်း ၊Grade-12 (B)မှ မောင်အောင်ဟိန်းဇော် ကလူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် လည်း ကောင်း ၊ Grade-12 (A)မှ မောင်စန်းထက်ဦး က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း ၊Grade-12 (A)မှ   မောင်သက်ပိုင်ဖြိုး က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီးနောက် ကျောင်းသား၊ကျောင်း သူများ၏ ပြန်လည် မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူ ဦးဇော်သက် နှင့် ပါဝင် ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားကြသည်။


အခမ်းအနားသို့ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမ များ ၊ ကျောင်းသား၊ကျောင်းသူများစုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)