MNP ၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ လေကြောင်းရဲတပ်ဖွဲ့ခွဲမှ ရဲမှူး မြတ်ကိုကို ဦးဆောင်သည်တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲမှ ရဲအုပ် မျိုးမင်းနိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲမှူး ခင်မောင်ဖြူ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၄၈) မူးယစ်ရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ဇော်လေး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် မျိုးသီဟ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရဲတပ်ဖွဲ့ဝင်များသည် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အစိုးရရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ အဆိုပါဆေးရုံခြံဝန်းအတွင်း/အပြင်ရှိ အမှိုက်သရိုက်များအား တံမြက်စည်းလှဲသန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment