MNP ၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူ ထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး နံရံကပ်စာ စောင်ပြပွဲ နှင့် စာအုပ်စာစောင်ပြပွဲ ကို ယနေ့ နံနက် ၉ နာရီ၃၀ အချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်ကျင်းပပြု လုပ်ခဲ့ပါ သည်။
ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ နှင့် စာအုပ်စာစောင်ပြပွဲ တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးစန်းဝင်း က အနာဂတ်ကာလ၌ နိုင်ငံ့တာဝန်များကိုပခုံးပြောင်းထမ်းရွက်ကြမည့် လူငယ်များ ဗလ ငါးတန်ဖွံ့ဖြိုးလာစေရန် နှင့်စာအုပ်စာပေကိုချစ်မြတ် နိုးလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါ
ကြောင်းကလေးအလုပ် သမားပပျောက် ရေးအသိပညာပေး နံရံစာစောင်ပြပွဲကိုပြသရခြင်းမှာလူငယ်များကေလးအ
လုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ကလေးအလုပ်သမားများ၏ အသက်အ ရွယ် ကလေးအလုပ်သမားများ၏အ
လုပ်ချိန်ကန့်သတ်ချက်များ၊အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာမူများ၊ကလေးသူငယ်များအားဥပေဒအရအကာအကွယ်ပေးထားမှုအားသိရှိထားရန်လည္းေကာင်းစာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းမှာလူငယ်များစာအုပ်စာ ပေကိုချစ်မြတ်နိုးလာေစ ပြီး မြို့နယ်ပြည်သူစာကြည့်တိုက်နှင့်ရပ် ကွက်စာကြည့်တိုက်များ၌ စာအုပ်စာပေများဖတ်ရှုလေ့လာကြစေရန်ခုလိုပြပဲွဲပြ ခန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်လင်းပြောကြားကာ စာ ပေမြတ်နိုးသူလူငယ်များ သိရှိလိုသည့်အ ကြောင်းအရာများမေးမြန်းရာ ဦးစီးအရာရှိဦးစန်းဝင်းကမေးမြန်းချက်များ
အားရှင်း လင်းပြောကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment