အမ်းမြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့် ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့် ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး





MNP ၊  စက်တင်ဘာ  ၁၆

   ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့် ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀အချိန်ကအမှတ်(၁)အခြေ ခံပညာအထက်တန်းကျောင်း ပညာရတ နာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


  အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အ သက်ငယ်ရွယ်သည့် မိန်းက လေးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင် နှုန်း လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ ယခုထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့်ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာ ကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့်သားအိမ် ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။


      သားအိမ်ခေါင်းကင်ဆာရောဂါကာ ကွယ်ဆေးအား အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား လုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက် တာ အောင်ကျော်မိုး ဦးဆောင်၍ တာဝန်ရှိ သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော ကျောင်း သူ(၈၉) ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။


   သားအိမ်ခေါင်းကင်ဆာရောဂါ ကာ ကွယ်ဆေး ထိုးနှံပေးမှုအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များသွားရောက်ကြည့်ရှုကာ ကျောင်း သူများအား အားပေးစကားပြောကြားပြီး တာဝန်ရှိသူများအား လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အမ်းမြို့နယ်အတွင်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင် ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံသွားမည်ဖြစ်ပြီး ပြည်သူအခြေ ပြု ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ဆက် လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)