MNP ၊ စက်တင်ဘာ ၂၅
မြိုင်မြိုနယ် အိုင်းရင်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲဝင်များ နယ်မြေရှင်းလင်ရေးဆောင်ရွက်ရာ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသည့် PDF အကြမ်းဖက်စခန်းတစ်ခုကို ရှင်းလင်းရာမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိကြောင်း သိရသည်။
အဆိုပါ PDF အကြမ်းဖက်စခန်းမှ လူနေတဲ ၄ လုံး၊ စားချက်ဆောင် ၂ လုံး၊ ထမင်းစားဆောင် ၂ လုံး၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၂ ခု၊ လက်လုပ်ဗုံးသီး ၄ လုံး၊ ဆားကစ်ပြား ၁၁ ပြား၊ စကားပြောစက် ၂ လုံး၊ အားသွင်းခုံ ၁ ခု၊ အဝေးထိန်းခလုပ် ၂ ခု၊ ဓာတ်ခဲအသေး ၇ လုံး၊ တိုက်မိုင်းကြိုး ၁၁ ခွေ၊ ဘက်ထရီအိုး ၉ လုံး၊ ဆိုင်ကယ် ၁ စီး၊ ဆိုလာပြား ၃ ချပ်၊ အင်ဗာတာ ၃ လုံး၊ ကွန်ကျူးပိုက် ၅ ခု၊ သံပိုက် ၁ ခု၊ ဝါယာကြိုး ၁ ခွေ၊ ဆန် ၇ အိတ်၊ ဘောလီဘောကွင်း ၁ ကွင်း၊ ခြင်းကွင်း ၁ ကွင်း၊ ထိပ်တုံး ၂ ခု၊ ဘိလပ်မြေ ၁ အိတ်၊ ပုလဲဓာတ်မြေဩဇာ ၃ ပိဿာ၊ ယမ်း ၁.၅ ပိဿာ၊ သံစ ၅ ပိဿာ၊ AB ကော် ၁၁ ဘူး၊ မီတာတိုင်းကိရိယာ ၂ ခု သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေးသမားဟု ကြွေးကြော်နေသော နီပိန်း PDF အကြမ်းဖက်သမားများ မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာသည့်အခါ ခွေးပြေး ဝက်ပြေး ပြေးကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိသည့်အခါ ဒေသခံ ပြည်သူများအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီး သတ်ဖြတ်၊ ပြန်ပြေးစွဲ ငွေတောင်းခံသည့် လုပ်ရပ်များကို လုပ်ဆောင်နေကြသည့် လက်နက်ကိုင် လူရမ်းကားများသာ ဖြစ်ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment