MNP ၊ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုများရှိခဲ့ရာ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျမှုမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၀ ဒသမ ၃၀)ပေရှိသည့်အတွက် ရေလှောင်တမံအတွင်းရေပြည့်ရန် (သုည ဒသမ နှစ်ပေခန့်)လိုကြောင်း၊ ဆည်ရေဝင်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် အလှည့်ကျ ရေကင်းတာဝန်များ ချထားကြောင်းနှင့် ဆည်၏ ဆက်စပ်အဆောက်အအုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန်
https://t.me/MyanmarNationalPost
No comments:
Post a Comment