PDF အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများက ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၂၅)ကြိမ်၊ တံတားမိုင်ခွဲခြင်း(၄၅)ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများက ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၂၅)ကြိမ်၊ တံတားမိုင်ခွဲခြင်း(၄၅)ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်






MNP ၊ စက်တင်ဘာလ ၅ 

မြန်မာ့မီးရထား၊ တိုင်းအမှတ်(၆)နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာ၏ တောင်ဘက်(တော်ဝိဘူတာဘက်ခြမ်း)၌ ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ပေါက်ကွဲသံကြားရသဖြင့် မန္တလေး-ရန်ကုန် အမှတ်(၆)အစုန် လူစီးအမြန်ရထား၏ စက်ခေါင်းမောင်းသည် ပိန်းဇလုပ်ဘူတာအား နံနက် ၃ နာရီ ၂၃ မိနစ်တွင် ဖြတ်သန်းခဲ့ပြီး ဆက်လက်၍သတိပြုမောင်းနှင်လာရာ ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာအကြား၊ မိုင်တိုင်(၉၉/၈-၇)သို့ နံနက် ၃ နာရီ ၃၂ မိနစ်တွင် ရောက်ရှိစဉ် ရထားမီးရောင်အောက်၌ တံတားအမှတ်(BR-137)ပေါ်နှင့် ရထားလမ်းအနီးတစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲထားသောကြောင့် သံလမ်းများပြတ်တောက်ပျက်စီးနေကြောင်း တွေ့ရှိရသဖြင့် စက်ခေါင်းမောင်းမှ ရထားအား အချိန်မီရပ်တန့်ပြီးနောက် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်ခွာရပ်တန့်၍ လမ်းပိုင်းအား နံနက် ၄ နာရီ ၁၀ မိနစ်မှစ၍ ခေတ္တပိတ်ထားခဲ့ရသည်။


အဆိုပါ ဖြစ်စဉ်နေရာအားစစ်ဆေးရာ အကြမ်းဖက်သောင်းကျန်းသူများက မိုင်း(၂)လုံးဖောက်ခွဲခဲ့ခြင်းကြောင့် ရထားသံလမ်းပေ(၈၀)ခန့် ပြတ်တောက်တွန့်လိမ်သွားခြင်း၊ ကွန်ကရစ်ဇလီဖား(၁၄)တုံး ပျက်စီးခြင်း၊ (၁၀)ပေအရှည်ရှိ ကွန်ကရစ်တံတားကြမ်းခင်း (၃)ပေပတ်လည်ခန့် ထိခိုက်ခြင်းများဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့မီးရထားမှ ပျက်စီးမှုများအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ရထားခရီးစဉ်များအား ဆက်လက်စေလွှတ်ပေးနေပြီဖြစ်သည်။


အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ ရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၂၅)ကြိမ်၊ တံတားမိုင်ခွဲခြင်း(၄၅)ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရထားလမ်းနှင့်တံတားများပျက်စီးခြင်း၊ ရထားစက်ခေါင်းနှင့်တွဲများ ထိခိုက်ပျက်စီးခြင်း၊ ကုန်စည်များပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များ လမ်းခရီး၌ကြန့်ကြာ၍ အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ကြရကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)