TNLA အကြမ်းဖက်အဖွဲ့က ရှမ်းဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် သက်တော်ရှည် ဆရာတော်ကြီး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

TNLA အကြမ်းဖက်အဖွဲ့က ရှမ်းဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် သက်တော်ရှည် ဆရာတော်ကြီး ထိခိုက်ဒဏ်ရာရ




MNP ၊ စက်တင်ဘာ ၂၁

TNLA ပလောင်အကြမ်းဖက်အဖွဲ့မှ မူဆယ်မြို့နယ်၊ တိန်းလုံဆုတောင်းပြည့်ကျောင်းတိုက်ကို လက်နက်ကြီးဖြင့် ၃ကြိမ် ပစ်ခတ်ခဲ့သဖြင့်  ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


ကျောင်းထိုင်ဆရာတော် ဦးသြဇေယျ သက်တော်(၇၀)၊ ဝါတော်(၂၀) ရှိသည့် ဆရာတော်ကြီးတွင် TNLA အကြမ်းဖက်သမားများ ၏ ပစ်ခတိုက်ခိုက်မှုအတွင်း နဖူး ၁ချက်၊ ဘယ်ဒူး ၁ချက်၊ ဘယ်ပေါင် ၁ချက်၊ ညာပေါင်အတွင်း လက်နက်ကြီးအစဝင် ၁ချက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။


TNLAပလောင်အကြမ်းဖက်အဖွဲ့သည် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်နေပြီး ရှမ်းလူမျိုးတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေပြီး ရှမ်းယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များလည်း ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)