တမူးမြို့ရှောင်လမ်း အနီးရှိ TPDF အကြမ်းဖက်စခန်းအား မီးရှို့ဖျက်ဆီး ရှင်းလင်းလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့ရှောင်လမ်း အနီးရှိ TPDF အကြမ်းဖက်စခန်းအား မီးရှို့ဖျက်ဆီး ရှင်းလင်းလိုက်ပြီ







MNP ၊ စက်တင်ဘာ ၁၇

တမူးမြို့နယ် မြို့ရှောင်လမ်းအနီး အကြမ်းဖက်စခန်းရှိနေကြောင်း ပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက သွားရောက် ရှင်းလင်းဖယ်ရှားရာ TPDF အကြမ်းဖက်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စခန်းကို မီးရှို့ဖျက်ဆီး ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ TPDF အကြမ်းဖက်စခန်းမှ အိန္ဒိယနိုင်ငံထုတ်သေနတ် ၁ လက်၊ Slight Gun သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁၅ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၈ လုံး၊ ၁၂ဗို့ကျည် ၁၀၀ တောင့်၊ မှန်ပြောင်း ၁ လက်၊ ၃ ယောက်ဆံ့တဲ ၃၁ လုံး၊ ၂ ယောက်ဆံ့တဲ ၁၉ လုံး၊ နားနေဆောင် ၁ လုံး၊ အစည်းအဝေးခန်းမ ၁ လုံး၊ ထမင်းစားဆောင် ၁ လုံး၊ မျှော်စင် ၁ ခု၊ ၁ ယောက်ပစ်ကျင်း ၄ ကျင်း၊ လက်လုပ်ရေကန် ၁ ကန်၊ မီးဖိုဆောင် ၁ လုံး၊ တန်းစီကွင်း ၁ ကွင်း၊ ခြင်းကွင်း ၁ ကွင်း၊ အချုပ်ခန်း ၁ ခန်း၊ ဆံသဆိုင် ၁ ခုတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စခန်းမှ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အများပြည်သူထံမှ လက်နက်ပြ ခြိမ်းခြောက်၍ ဓားပြတိုက်စားနေသော အကြမ်းဖက်သမားများသည် ထိတွေ့မှု ဖြစ်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်သွားကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်စခန်းအဖြစ် ပြုလုပ်ထားသော တဲများတွင် အကြမ်းဖက်သမားများ ပြန်လည်ခိုလှုံနိုင်ခြင်း မရှိစေရန်နှင့် ဒေသခံပြည်သူများ ဘေးအန္တရာယ် ကင်းစေရန် မီးရှို့ဖျက်ဆီး ရှင်းလင်းပေးခဲ့ခြင်း ဖြစ်သည်။


#MyanmarNationalPost

(အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အကြမ်းဖက်အန္တရာယ် ဟူသမျှ ဖယ်ရှားရှင်းလင်းနိုင်ကြပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ရဟန်းရှင်လူပြည်သူအပေါင်း NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။)


No comments:

Post a Comment