မြို့သစ်မြို့နယ်တွင် ကျေးရွာစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် ကျေးရွာစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်


MNP ၊  စက်တင်ဘာ   ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် "ဖလန်တိုင်းကျေးရွာအုပ်စု၊ ပေပင်ကုန်းကျေးရွာ၊ ရုံးတောကျေးရွာအုပ်စု၊ ရုံးတောကျေးရွာ၊ လင်းလည်ကျေးရွာအုပ်စု၊ ဒေါ်ယင်းကုန်းကျေးရွာ၊ ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ပန်းတောကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ မြင်သာကျေးရွာ၊ မကြီးချိုကျေးရွာအုပ်စု၊ မကြီးချို(မ) ကျေးရွာ၊ ပုလင်းကြီးကျေးရွာအုပ်စု၊ ပုလင်းကြီးကျေးရွာ" များသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို မြို့သစ်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေ တိုးပွားစေရန်၊ ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းဖြစ်ကြောင်း၊ အတိုး၊ အရင်းများကို သတ်မှတ်ရက်အတွင်း အချိန်မီပြန်လည်ပေးသွင်းနိုင်စေရန်အတွက် အလေးထား၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာနေ ပြည်သူများထားရှိရမည့် စိတ်ဓာတ်နှင့် ကျေးရွာစီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သော်သော်လှိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်ခင်ဆွေမြင့်တို့က အဆိုပါကျေးရွာများမှ စီမံကိန်းကော်မတီဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)