MNP ၊ စက်တင်ဘာ ၂၉
မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးထွန်းအောင်ကျော် သည် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (International Maritime Organization-IMO) ရုံးချုပ်၌ ၂၈-၉-၂၀၂၃ ရက်တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေကြောင်းနေ့ (World Maritime Day 2023) အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ကမ္ဘာ့ရေကြောင်းနေ့အား The International Convention for the Prevention of Pollution from Ships (MARPOL) အတည်ပြုခဲ့သည့် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် “MARPOL at 50-Our Commitment goes on” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ IMO အတွင်းရေးမှူးချုပ် Mr. Kitack Lim ၊ ဗြိတိန်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများ၊ IMO ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ ၂၀၂၄ ခုနှစ်တွင် IMO အတွင်းရေးမှူးချုပ်အသစ်အဖြစ် စတင်တာဝန်ထမ်းဆောင်မည့် Mr. Arsenio Dominguez အား IMO အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment