YMBA အသင်းကြီးက ပညာရေးတွင် ထူးချွန်သည့် လူငယ်များကို ရုရှားပညာတော်သင် လွှတ်ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

YMBA အသင်းကြီးက ပညာရေးတွင် ထူးချွန်သည့် လူငယ်များကို ရုရှားပညာတော်သင် လွှတ်ပေးမည်



MNP ၊ စက်တင်ဘာ ၂၉

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ရုရှားနိုင်ငံ ရုရှားနိုင်ငံမှ အဆင့်မြင့်တက္ကသိုလ်များ၏ တာဝန်ရှိသူအကြီးအကဲများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေးတွင် ထူးချွန်သည့် လူငယ်များကို ရုရှားပညာတော်သင် စေလွှတ်ပေးမည်ဖြစ်ကြောင်း ၂၇-၉-၂၀၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

YMBA အသင်းကြီးက မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း အသင်းတာဝန်ရှိသူများသို့ အသိပေးကြေညာထားရာတွင် "မိမိတို့အသင်းကြီးသည် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရမည့် တာဝန်ရှိသည်နှင့်အညီ နိုင်ငံ့အနာဂတ်ကလေးများ၏ ပညာရေးနှင့် လိမ္မာယဉ်ကျေးသောမျိုးဆက်သစ်ဖြစ်စေရေးကို စွမ်းနိုင်သည့်ဘက်မှ လုပ်ဆောင်ပေးကြရန် တာဝန်အပြည့်အဝရှိကြောင်း၊ မိမိတို့အသင်းကြီးနှင့် ရုရှားနိုင်ငံမှ အဆင့်မြင့်တက္ကသိုလ်များ၏ တာဝန်ရှိသူအကြီးအကဲများ တွေ့ဆုံဆွေးနွေးခဲ့သည့် ပညာရေးဆိုင်ရာဆွေးနွေးပွဲ၏ အချက်များစွာထဲမှ နှစ်ဖက်သဘောတူစွာ ဆုံးဖြတ်ခဲ့ကြသည်အချက်တစ်ခုမှာ မြန်မာနိုင်ငံမှ သင်္ချာထူးချွန်သူများ၊ ရုပဗေဒထူးချွန်သူများ၊ စိုက်ပျိုးရေးဝါသနာပါသူများတို့အား ရုရှားနိုင်ငံသို့ စေလွှတ်ပညာသင်ကြားစေရေးအချက် ပါဝင်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့တာဝန်ယူရာ ဒေသအတွင်း အထက်တွင် ဖော်ပြခဲ့ပြီးသော သင်္ချာထူးချွန်သူ၊ ရူပဗေဒထူးချွန်သူ၊ စိုက်ပျိုးရေးကိုအထူးစိတ်ဝင်စားသူ စသည့်အချက်များနှင့် ပြည့်စုံသူ ကျောင်းသားလူငယ်များအား ရှာဖွေစိစစ် တင်ပြပေးရန် ကြေညာထားသည်။

အသေးစိတ်ကို နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံခြားဘာသာသင်ကြားရေးဌာန (YMBA ဗဟိုရုံး) သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) က အသိပေးကြေညာထားခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)