MNP ၊ စက်တင်ဘာ ၂၉
ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ကချင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာအောင်မြတ်ဦးနှင့် ကချင်ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံတို့သည် ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ၊မြစ်ကြီးနားခရိုင် ၊မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ် လူငယ်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည့်မဏ္ဍိုင်တာဝန်ရှိသူများ၊ First Time Voter များအား ၂၈.၉.၂၀၂၃ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာအောင်မြတ်ဦးနှင့် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံတို့က အဖွင့်အမှာစကားအသီးသီးပြောကြားကြပြီး၊ လူငယ်၊ အမျိုးသမီးရေးရာတာဝန်ရှိသူများ၊ ပြည့်မဏ္ဍိုင်တာဝန်ရှိသူများက လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့ကြောင်း၊ တက်ရောက်လာကြသည့် လူငယ် အမျိုးသမီများက မေးမြန်းဆွေးနွေးမှုအပေါ် ပေါင်းစပ်ညှိနှိုင်းရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment