MNP ၊ စက်တင်ဘာ ၂၉
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ Ms. Noriko Takagi အား ၂၉-၉-၂၀၂၃ ရက် (သောကြာနေ့)၊ နံနက် ၁၁ ၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်စိစစ်ပြီး ရှေ့ပြေးစီမံချက်ဖြင့် ပြန်လည်လက်ခံရန် မြန်မာဘက်မှ အသင့်ပြင်ဆင် ထားမှုအခြေအနေ၊ UNHCR နှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ အခြေစိုက် UNHCR ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယကိုယ်စားလှယ် Mr. Mulugeta Zewdie တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment