ပခုက္ကူ ပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူ ပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP ၊  စက်တင်ဘာ  ၆

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်တက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကောလိပ်၊ မဟာသရေစည်သူ ဦးဘခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများက လူငယ်သီတင်းပတ် (Youth Week) အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြရာ သင်တန်းသား၊ သင်တန်းသူများက အကတေးသီချင်းဖြင့် ဖျော်ဖြေကြသည်။


ဆက်လက်၍ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က “နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် အရေးပါသောကြောင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေ ရေးကြိုးပမ်းကြရရန်လိုအပ်ကြောင်း၊ လူငယ်သီတင်းပတ် (Youth Week) အစီအစဉ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်ပြီး လူငယ်စကားဝိုင်းများ၊ ဘာသာရပ်ဆိုင်ရာပြပွဲများ၊ အားကစားပြိုင်ပွဲနှင့် ကာယအလှပြ၊ သရုပ်ပြကွက်များ၊ လူငယ်တွေ့ဆုံပွဲနှင့် ဈေးရောင်းပွဲတော်များ၊ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မြှင့်တင်ရေးဆိုင်ရာ ဟောပြောပွဲများစသည်ဖြင့် ကာယ၊ ဉာဏလှုပ်ရှားမှု အမျိုးမျိုးထည့်သွင်း ကျင်းပကြကြောင်း၊ ယင်းလှုပ်ရှားမှုများတွင် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ် အများအပြားပေါ်ထွက်လာမည်ဖြစ်ကြောင်း” တိုက်တွန်း အမှာစကား ပြောကြားသည်။


ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ရှင်းလင်းဟောပြောကြပြီး အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေကြရာ သင်တန်းသား၊ သင်တန်းသူများ အကအလှတေး သီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။


အဆိုပါ အခမ်းအနားတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်းနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်တိုင်သုတေသနပြုစုဆောင်ရွက်ထားသည့် သိပ္ပံပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ ဘာသာရပ်ဆိုင်ရာ သမိုင်းကြောင်းနှင့် အသိပညာပေးပြခန်းများကို  လိုက်လံကြည့်ရှုအားပေးကြကြောင်း သိရသည်။


ဘာမီသာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)