MNP ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ် စစ်တွေရိုင် ရသေ့တောင်မြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးဦးရွှေသာ ၏ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ရသေ့တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊မိသာစုဝင်များအား နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရသေ့တောင်မြို့၊ပြည်သူ့ဆေးရုံသံဃာဆောင်တွင် ပြုလုပ်ပြီးအသက်(၁၈)နှစ်အထက် နိုင်ငံသားကဒ်ပြားရှိသူများအားကောက်ယူလျက်ရှိသည်။
နိုင်ငံသားတစ်ဉီးခြင်း၏အချက်အလက်(Biographic)နှင့်ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံသားတစ်ဦးခြင်း၏အချက်အလက်(Biographic)နှင့်ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ် ငန်းဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment