ရမ်းဗြဲမြို့၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ပြုလုပ်






MNP ၊ အောက်တိုဘာ  ၂၃

ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့၊ ရွာကြီးကျေးရွာအုပ်စု၊နားမူးတွေကျေးရွာ၌၊ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှုး၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် ရမ်းဗြဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှုး ဦးကျော်ဝင်းက မိုးစပါးစံကွက် ရိတ်သိမ်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်၊ 


ဆက်လက်ပြီး တောင်သူ ဦးင/မှိုင်း၏ စံပြလယ်ကွက်ဖြစ်သော ကွင်းအမှတ်(၇၁၂)၊ ဦးပိုင်အမှတ်(၄၈/၂)၊ ရိတ်သိမ်းဧက ဒသမ(၁၀)ဧကကို ရိတ်သိမ်းခဲ့ပြီး အစိုအထွက်နှုန်း(၁၁၀.၂၅)တင်းနှင့် အခြောက်အထွက်နှုန်း(၁၀၁.၄၃)တင်း ထွက်ရှိကြောင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။


အဆိုပါ အခမ်းအနားသို့  ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။ 


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)