တပ်ကုန်းမြို့၌ နေကြာစိုက်တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော မိုးနေကြာ (ဆင်း ရွှေကြာ -၂) မျိုး မြှင့်တင်ရွေးချယ်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ နေကြာစိုက်တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော မိုးနေကြာ (ဆင်း ရွှေကြာ -၂) မျိုး မြှင့်တင်ရွေးချယ်ခြင်းဆောင်ရွက်

 


MNP ၊ အောက်တိုဘာ  ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ညောင်ငါးပင်ကျေးရွာနှင့်ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့တွင် နေကြာစိုက်တောင်သူ များ ပူးပေါင်းပါဝင်ဆောင်ရွက်သော မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုး မြှင့်တင်ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ငါးပင်ကျေးရွာ၊ ကွင်းအမှတ် ၁၂၇၉ ၊ တောင်သူ ဦးဇော်မိုး၏ နေကြာ စိုက်ခင်းတွင် ကျင်းပသည်။


အဆိုပါမြှင့်တင်ရွေးချယ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က (ဆင်းရွှေကြာ-၂) မျိုး မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် နေကြာစိုက်ပျိုး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များကို ပြန်လည်ဖြေကြားခဲ့သည်။


ထို့နောက် (ဆင်းရွှေကြာ-၂) နေကြာစိုက်ခင်းမှ အပွင့်အချင်း ၅ ဒသမ ၅ လက်မအထက်ရှိ အပွင့် ၁၂၀၀ ပွင့်ကို ရွေးချယ်၍ နေကြာ ၁၂ ဧက ပြန်လည်စိုက်ပျိုးခြင်းနှင့်ရွေးချယ်စိုက်ပျိုးထားသည့် စိုက်ခင်းမျိုးများကို နောက်ထပ် ဧက ၅၀၀ ပြန်လည်စိုက်ပျိုးနိုင်ရေး နေကြာစိုက်တောင်သူများ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost







No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)