အ.ထ.က မိုင်းနောင်ကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ သင်ယူနိုင်ရေး လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က မိုင်းနောင်ကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ သင်ယူနိုင်ရေး လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်



MNP ၊ အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်နန်းမီးက အခြေခံပညာအလယ်တန်းဆင့်(Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာအထက်တန်းဆင့်၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းတွင် သတ်မှတ်အရည်အချင်းအလိုက် အထူးပြုဘာသာရပ်များ သင်ယူခွင့်ရရှိနိုင်မည့် အခွင့်အရေးများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရသည်။


အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ (Grade-9)မှ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၀၀)ဦးခန့် တက်ရောက်ကာ ကျောင်းသားမိဘများက သိရှိလိုသော အချက်များအား ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ပြန်လည်ဖြေကြားပေးကြောင်း သိရှိရသည်။


မနန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)