MNP ၊ အောက်တိုဘာ ၃
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင်ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချလျက်ရှိရာ ယခင်အပါတ်ဖွင့်ဈေး(၁၈၀၀)ကျပ်မှ ယခုအခါ ဝါဈေးအနေဖြင့်(၁)ပိသာလျှင်ငွေကျပ်(၂၅၀၀)ဈေးထိ ရောင်းချနေရပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံ ကသိရှိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တွင်ဝါလျာထားဧက(၂၁၉၃၉)ကိုအပြည့်အဝစိုက်ပျိုးနိုင်ခဲ့ပြီး ယခုလပိုင်းမှစတင်ကာ ဝါများစတင်ကောက်ယူရောင်းချလျက်ရှိပြီး ဝါထွက်နှုန်း အနေဖြင့်ပျှမ်းမျှ(၁)ဧကလျှင် ပိသာ(၆၅၀)မှ(၇၀၀)ထိထွက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတာဝန်ရှိသူထံမှသိရှိရသည်။
ဝါများကို ဇူလိုင်လနှင့်ဩဂုတ်လများတွင်စိုက်ပျိုးပြီး အောက်တိုဘာလလည်တွင်စတင် ကောက်ယူရကြောင်း၊ ဝါ(၁)ဧကကုန်ကျစရိတ်အနေဖြင့် (၅)သိန်းခန့်ကုန်ကျကြောင်း၊ ယခုပထမကြိမ်ကောက်ယူရောင်းချစဉ်က ဝါ(၁)ပိသာလျှင် (၁၈၀၀)ကျပ်ဈေးသာ ရရှိခဲ့သော်လည်း ယခုအခါ(၁)ပိသာလျှင်ငွေကျပ်(၂၅၀၀)ထိရရှိနေပြီ ဖြစ်ကြောင်းနှင့် ယမန်နှစ်အမြင့် ဈေး(၂၇၀၀)ကျပ်ထက် ဈေးပိုမိုရောက်ရှိနိုင်ကြောင်းနှင့် ယခုနှစ် ဝါစိုက်တောင် သူများအနေဖြင့်ဝင်ငွေပိုမိုရရှိနိုင်ကြောင်း ဝါရောင်းဝယ် လုပ်ကိုင်သူများ ထံကသိရသည်။
အောင်စိုးဖေ
https://t.me/MyanmarNationalPost


No comments:
Post a Comment