တောင်တွင်းကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားသည့် နေရာများနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားသည့် နေရာများနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု



MNP ၊ အောက်တိုဘာ  ၅

မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့် ရေတိုက်စားခဲ့သည့် နေရာများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ပုံဂံကုန်းကျေးရွာရှိ ချောင်းကူးတံတားနှင့် ရေကျော်ဖြစ်ပွားခဲ့သည့် ဇီးတောကျေးရွာအုပ်စုရှိ ယင်းမလည် ချောင်းကူးတံတားကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဝါးခြမ်းကာကျေးရွာတွင်းလမ်း မြေသားတာဘောင်တင်၍ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ HTUN ZABU ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် ဝါးခြမ်းကာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (၁၂၀ × ၃၀) ပေ RCC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ TTY ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် တောင်ပြင်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (၆၀ × ၃၀)ပေ RCC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ IGS ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် ဇီးတောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၁၄၀ × ၃၀)ပေ RCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)