ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (ပြည်)တို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (ပြည်)တို့အား ကြည့်ရှုစစ်ဆေး




MNP ၊ အောက်တိုဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ပြည်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးနှင့်မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားသည်။


ရှေးဦးစွာဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးကာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများအားတွေ့ဆုံ၍ ဝန်ထမ်း‌ရေးရာနှင့် ဌာနလုပ်ငန်းဆိုင်ရာ လိုအပ်သည်များမှာကြားပြီး ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြည်မြို့ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇုံနယ်တာဝန်ခံနှင့် ဝန်ထမ်းများအား လိုအပ်သည်များမှာကြားသည်။


ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် မိမိတို့၏ အဓိကတာဝန်ဖြစ်သည့် ပြန်ကြားရေးနှင့်အသိပညာပေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်တိုးတက်ရေးညှိနှိုင်း ဆောင်ရွက်ကြရန်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အသိပညာဗဟုသုတ ပြန့်ပွားစေရေးကို အလေးထားဆောင်ရွက်ကြရန်၊ လူငယ်များအကြား မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကိုအလေးထားပြီး နိုင်ငံခြားယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှုကို တားဆီးကာကွယ်ရေး အသိပညာပေးရန် မကြာမီကျရောက်မည့် အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တို့တွင် ဦးတည်ချက်များနှင့်အညီ ကျင်းပနိုင်ရေး၊ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကျင်းပနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန်၊ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်ရက်အလဟဿမဖြစ်စေရေး သင်တန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့် အဓိဌာန်နှင့် ကျင့်ဝတ်များကို လိုက်နာပြီး၊ စည်းကမ်းပြည့်ဝသော တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ အဆောက်အဦနှင့် စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အမြဲစစ်ဆေး ထိန်းသိမ်းပြုပြင်ကြရန်၊ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်ရေးကို သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ ရုံးပိုင်းဆိုင်ရာနှင့်ဝန်ထမ်းရေးရာ တင်ပြချက်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)