လေးတောင်မြို့တွင် စုပေါင်းအုန်းသီးပင် စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးတောင်မြို့တွင် စုပေါင်းအုန်းသီးပင် စိုက်ပျိုးပွဲတော်ကျင်းပ







MNP ၊ အောက်တိုဘာ  ၉

ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊လေးတောင်မြို့နယ်တွင် ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှုး၍ စုပေါင်း အုန်းသီးပင် စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက်(၉)နာရီအချိန်က လေးတောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၌ ကျင်းပသည်။

အခမ်းအနားတွင် ရမ်းဗြဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှုး ဦးကျော်ဝင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်ရာများထံ အုန်းသီးပင်များ လွှဲပြောင်းပေးအပ်ပြီးနောက် ဦးထွန်းကြည် ပိုင်ဆိုင်သော မြေ (၄) ဧကရှိ သတ်မှတ်နေရာတွင် စုစုပေါင်း အုန်းသီးပင် (၂၈၀)ပင်တို့ကို စိုက်ပျိုးနိုင်ခဲ့ ကြောင်း ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။


အဆိုပါ အခမ်းအနားသို့  ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လေးတောင်မြို့နယ်မှ ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်သူ/သားများ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။ 


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)