MNP ၊ အောက်တိုဘာ ၆
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတောင်တော်ရှိ ရွှေကျင်းဟောင်းအတွင်း ဝင်ရောက်၍ ရွှေတူးဖော်ရာမှ မြေပြိုကျပြီး ၂ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၆.၁၀.၂၀၂၃ ရက်နေ့၊ ၁၂ ၁၅ အချိန်၊ ရွှေတူးဖော်ရာမှ မြေပြိုကျပြီး လူပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ကျင်းအတွင်းပိတ်မိနေသူ ကျား(၃)ဦးအနက် ကျား(၂)ဦး (သေဆုံး)နှင့် ကျား(၁)ဦး (ထိခိုက်ဒဏ်ရာရ)တို့အား မြို့နယ်ကြက်ခြေနီအသင်းယာဉ်နှင့် မိုးစေတနာပရဟိတအသင်းယာဉ်များဖြင့် ပျဉ်းမနားကုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆင်ဖြူတောင်အနီးဝန်းကျင်တွင် ရွှေတူးဖော်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့်အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "ရွှေတူးတာကတော့ အမြဲတမ်း တူးနေကြတာပါ။ ခိုးတူးကြတာပေါ့။ အခုလို ပြဿနာမျိုးတော့ ဖြစ်သံသိပ်မကြားရဘူး။ အင်းတွေဖောက်ထားကြတာ အများကြီး ရှိပါတယ်။ အင်းဟောင်းတွေ ကြတော့ စနစ်တကျ မပြုပြင်ရင် အန္တရာယ်ရှိတာပေါ့။" ဟု ပြောသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment