MNP ၊ အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်းမှ ယနေ့ နံနက် ၈ နာရီ အချိန်က အမှတ်(၃)ဈေးရပ်ကွက်နေပြည်သူများသို့ စားသုံးဆီများစတင်ရောင်းချပေးခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ ကြီး ကြပ်၍ ပြည်သူများသို့ရောင်းချပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။
အမ်းမြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ရခိုင်ပြည် နယ်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား ပြည်သူတစ်ဦးလျင် စားသုံးဆီတစ်ပိဿာ နှုန်းဖြင့်လည်းကောင်းစားသုံးဆီတစ်ပိဿာ
လျှင် ၄၉၀၀ ကျပ် နှုန်းဖြင့် စားသုံးဆီ တစ်နေ့လျင် ၅၅၀ဝ ပိဿာနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များ၌ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ရာ ဝယ်ယူသူများစည်ကားလျက်ရှိကြောင်းသိရသည်။
အဆိုပါ စားသုံးဆီရောင်း ချမှုအား အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ မြို့ပေါ်ရပ်ကွက်၌ သတ်မှတ် နေရာ၅ နေရာတွင် ဆက် လက်ရောင်းချပေးမည်ဖြစ် ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment