သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေးလျက်ရှိ




MNP ၊ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့၊နံနက် ၉ နာရီ အချိန်က မြို့အဝင်၊ အထွက်ပိန္နဲကုန်း စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိန်ဆန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊မြို့နယ် လက်ထောက် လဝကမှူးဦး ပြည့်ဖြိုး‌အောင်၊ မြို့မရဲစခန်း၊ ဒုတိယရဲအုပ် အောင်သူရလွင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး‌ ဒေါ်မြတ်မြတ်စိုး၊မြို့နယ်အခွန်ဦးစီးဌာနမှူးဦးတင်မောင်ထွေး၊ သစ်တောဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူးကျော်ဇင်ထက်နှင့်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ‌ရေးအဖွဲ့၊ မြို့နယ်ယာဥ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများ၊မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့ဝင်များ ပူးပေါင်း၍ခရီးသွားပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်‌ ဆောင်သွားလာကြ ရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်တစ်ပါတည်း ယူဆောင်လာကြရန်၊ တရားမဝင်ကုန်စည်များဖြန့်ဖြူးသယ်ယူ ပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှု မရှိစေရေးစစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဥ်များမှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်းမရှိစေရေးယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့်၊ မော်တော်ဆိုင်ကယ်စီးနှင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်း မေးသိုင်းကြိုး တပ်တင်၍ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး ပြည်သူများယာဥ်အန္တရာယ်ကင်းဝေးစေရေး စီစစ်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


မျိုးဇော်သိန်း သာပေါင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)